ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း တစ်နေရာ၌ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)- Zoland တာဝန်ရှိသူက အသိပေးသည်။
အဆိုပါ လူထုလှုပ်ရှားမှုကို “အာဏာရှင် သက်ဆိုးမရှည်စေဖို့ လူထုအားလုံးပါဝင်စို့” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၁၃ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အစီအစဉ်တွင် ပါဝင်သူများက မြန်မာနိုင်ငံတဝန်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည့် တော်လှန်ရေးတပ်ဖွဲများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့သည်ဟု Zoland Voice Tvက ဖော်ပြသည်။
ထို့အပြင် အာဏာရှင်အမြစ်ပြတ်ရေး လူထုသပိတ်တရားများဟောကြားခဲ့ကြောင်း ဖော်ပြထားသည်။