အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “စစ်ကျွန် ပညာရေးအောက် ဒူးထောက်ပြီး တိုင်းပြည်ကလေးတွေ အနာဂတ်ကိုဖျက်ဆီးသည့် ကျောင်းဆရာ/ဆရာမမျိုးမဖြစ်စေနဲ့” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။