အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ မေလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “မေတ္တာတရားကို အဓမ္မက အနိုင်ယူလာတဲ့အခါ ခုခံတွန်းလှန်ခြင်းသာ အကောင်းဆုံး အနိုင်ယူခြင်းပြန်ဖြစ်လာတယ်” စာတန်းကိုင်ဆောင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။