အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အင်ဒိုနီးရှား နိုင်ငံပိုင်စစ်လက်နက်လုပ်ငန်း DEFEND ID က ငြင်းဆန်လိုက်ပါတယ်။
အင်ဒိုနီးရှား စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Pindad၊ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း Dirgantara Indonesia နဲ့ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ PAL တို့က မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ ရောင်းချခဲ့တယ် လို့ တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲခဲ့ပါတယ်။
မြန်မာနိုင်ငံသို့ လက်နက်တွေစီးဆင်းမှုကို ပိတ်ပင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး တောင်းဆိုထားတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို လေးစားခဲ့တယ်လို့ DEFEND ID က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
Pindad ရဲ့ နောက်ဆုံးအကြိမ် မြန်မာနိုင်ငံသို့ စစ်လက်နက်တင်ပို့မှုဟာ အာဏာသိမ်းမှုမတိုင်မီ ၂၀၁၆ ခုနှစ်က ဖြစ်ခဲ့တယ်လို့ DEFEND ID က ဆိုပါတယ်။ အဆိုပါစစ်လက်နက်တင်ပို့မှုဟာလည်း အာဆီယံ သေနတ်ပစ် ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကို လက်နက်တပ်ဆင်ပေးဖို့သာ ရည်ရွယ်ခဲ့တာလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
“ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တောင်းဆိုမှုနောက်ပိုင်း Pindad က မြန်မာ နိုင်ငံသို့ ကာကွယ်ရေးနဲ့ လုံခြုံရေးကိရိယာတွေ မတင်ပို့တော့ပါဘူး” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
Dirgantara Indonesia နဲ့ PAL တို့က မြန်မာနိုင်ငံနဲ့ မည်သည့် စစ်လက်နက်ရောင်းချရေး သဘောတူညီ ချက်မှ မရှိခဲ့ဘူးလို့ DEFEND ID က ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း Pindad၊ Dirgantara Indonesia နဲ့ PAL တို့က မြန်မာစစ်တပ်ထံ စစ်လက် နက်တွေ ရောင်းချခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်တန်းခဲ့ တာဖြစ်ပါတယ်။
စစ်လက်နက်ရောင်းချမှုအတွက် ငွေကြေးလွှဲပြောင်းမှုကို စစ်ကောင်စီဝန်ကြီးတစ်ဉီးရဲ့ သားဖြစ်သူပိုင်ဆိုင် တဲ့ True North ခေါ် မြန်မာအခြေစိုက်ကုမ္ပဏီတစ်ခုမှတစ်ဆင့် လုပ်ဆောင်ခဲ့တာလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။