ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်မှာ ၁၅ ရက်တာ တိုက်ပွဲအတွင်း အာရှလမ်းမကြီးပေါ်မှာ ပိတ်မိနေတဲ့
ခရီးသွား ပြည်သူ အယောက် ၂၀၀ ကျော်အတွက် စားသောက်ကုန်တွေကို သွားရောက်ကူညီထောက်ပံ့ခဲ့ တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့က အာရှလမ်းမကြီးပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူ အယောက် ၂၀၀ကျော်အတွက် ငွေကျပ် ၂၅ သိန်းဖိုး ရှိတဲ့ စားသောက်ကုန်တွေ နဲ့ စစ်ရှောင်ပြည်သူတွေအတွက် စာအုပ်တွေကိုပါ ဒေါနစစ်ကြောင်းရဲ့ ပြည်သူ့ရေးရာဌာနက ထောက်ပံ့ ပေးခဲ့တာပါ။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကော့နွဲ့တပ်စခန်းတွေကို တော်လှန်ရေးမဟာမိတ်တပ်တွေက စုပေါင်းတိုက်ခိုက်ခဲ့ပြီးနောက်၊ အာရှလမ်းမကြီးကိူ ဒေါနစစ်ကြောင်း အပါအဝင်၊ တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ် ထားတယ်လို့ ဆိုပါတယ်။
ကော့ကရိတ်မြို့အတွင်း မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မှုကြောင့် ဒေသခံ ပြည်သူဦးရေ ၃ သောင်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။