ဆားလင်းကြီးမြို့နယ်ရဲ့ အားမာန်သစ် လူထုတွေ ဦးဆောင်တဲ့ အားမာန်သစ် သပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ် ကျရှုံးရေး သပိတ်ကို ဒီနေ့မှာပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ တော်လှန်ပြည်သူတွေက “အားမာန်သစ် သပိတ်စစ်ကြောင်း ” ဆိုတဲ့စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ဆန္ဒပြချီတက်ခဲ့ကြပါတယ်။
ဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲအကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကိုနေ့ စဉ်ပြု လုပ်နေကြပါတယ်။