ဆားလင်းကြီးမြို့နယ်ရဲ့ အားမာန်သစ် သပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြ သပိတ်နဲ့ ကျဆုံးရဲဘော်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ တော်လှန်ပြည်သူတွေက ရဲဘော်မင်းမင်းထက် (ခ) ဖက်တီး ကျဆုံးခြင်း (၅)လပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်းဟစ်ကြွေးမှုတွေနဲ့ ဆန္ဒပြချီတက်ခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲအကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြ သပိတ်ကိုနေ့ စဉ်ပြု လုပ်နေကြပါတယ်။