အားလုံးပဲ ရင်ခုန်စောင့်စားနေရတဲ့ Return of Salmons ပန်းချီကား လေလံပွဲကြီးကို ဒီကနေ့ည မြန်မာအချိန် ည ၇ နာရီခွဲမှာ ရိုးမခေါ်သံ pageမှာ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၃ သိန်း ၄ သောင်းကျော် ထိ ရရှိအောင်မြင်ခဲ့တဲ့ ရိုးမခေါ်သံ ကမ်ပိန်း ပိတ်ပွဲ အခမ်းအနားကိုလက်ရှိအချိန်မှာ USD 11,000 ထိ bid ထားပြီ ဖြစ်တဲ့ Return of Salmons ပန်းချီကား လေလံပွဲကြီးကို ဒီကနေ့ည ၂၃ရက်နေ့ မြန်မာအချိန် ည ၇ နာရီခွဲမှာ ကျင်းပမှာ ဖြစ်တယ်လို့ဆိုပါတယ်။
ကိုမင်းကိုနိုင် ( ၈၈ ကျောင်းသားမျိုးဆက်)၊ ကိုလွင်ကိုလတ် (ပြည်ထဲရေးဝန်ကြီး အမျိုးသားညီညွှတ်ရေးအစိုးရ)၊ ဒေါက်တာရွှေပုံ ( ကျန်းမာရေးဝန်ကြီး၊ အမျိုးသားညီညွှတ်ရေးအစိုးရ)၊ ဒေါက်တာ သက်ကိုကို (UK နိုင်ငံဆိုင်ရာ အမျိုးသားညီညွှတ်ရေးအစိုးရကိုယ်စားလှယ်)၊ ဒါရိုက်တာ ကိုပေါက် နဲ့ ရဲဘော်စောရှား ( စစ်ဆင်ရေးတာဝန်ခံ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်) တို့ကရိုးမခေါ်သံ ကမ်ပိန်းတလျှောက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်တွေအကြောင်း ပြန်ပြောင်းပြောဆိုကြပြီးဒီကမ်ပိန်းကနေ တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက်ဘယ်လိုအထောက်အကူပြုမယ့်အကြောင်းတွေပါ အားတက်ဖွယ် ပြောဆိုကြမယ်လို့ သိရပါတယ်။
အထူးအစီအစဉ်အနေနဲ့ကတော့ကိုမင်းကိုနိုင်ရဲ့ လက်ရှိ USD 11,000 bid ရရှိထားတဲ့ Return of Salmons ပန်းချီကားကိုဘယ်သူက အမြင့်ဆုံးစျေးပေးကာ ရရှိသွားနိုင်မလဲဆိုတာ စောင့်စားရင်ခုန်ကြဖို့ ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။
လေလံပါဝင်ဆင်နွှဲကြမယ့် တော်လှန်ပြည်သူတွေကိုလည်းရိုးမခေါ်သံ page messenger ကို လာရောက်ပြီးBid ကြဖို့ ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။