အားအလွန်ကောင်းတဲ့ မိုခါမုန်တိုင်းဟာ ဒီကနေ့ မေလ ၁၄ ရက် ညနေပိုင်းမှာ ချင်းပြည်နယ် ပလက်ဝမြို့အနီး မြောက်-အရှေ့ မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒသညွှန်ကြားရေးမှူးဦးစီးဌာနရဲ့ ယနေ့ည နေ ၅နာရီ မိနစ်၃၀အချိန် တိုင်းထွာချက်အရသိရပါတယ်။
ပလက်ဝမြို့အနီးကိုဖြတ်သန်းသွားတဲ့ မိုခါမုန်တိုင်းဟာ မုန်တိုင်းအဆင့်အဖြစ် အညိုရောင် အဆင့်လို့ သတ်မှတ် ထားသလို လာမဲ့(၂၄)နာရီအတွင်း ချင်းပြည်နယ် ၊ မကွေးတိုင်းဒေသကြီး(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး(မြောက်ပိုင်း)တို့ကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အဖြစ် ဖြတ်သန်းသွားပြီး နောက်ထပ် (၂၄)နာရီအတွင်းမှာတော့ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ကို မုန်တိုင်းငယ်အနေဖြင့် ဆက်လက် ရွေ့လျားသွားနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီအပြင် အင်အားကြီးမားတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ တစ်နာရီ မိုင်(၅၀)ကနေ မိုင်(၇၀)အထိတိုက်ခိုက်နိုင်ပြီး မုန်တိုင်းရွေ့လျားရာနေရာတစ်လျောက်မှာ လေပြင်းတိုက်ခိုက်တာ ။ မိုးကြီးခြင်း ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေး ထားပါတယ်။
ချင်းပြည်နယ်အတွင်း ဖြတ်သန်းသွားမဲ့ အင်အားအ
ကြီးမားတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းသွားမယ့်နေရာတွေမှာ ပလက်ဝ ၊ မင်းတပ်၊ မတူပီ ၊ ဟားခါး။ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့တို့ပါဝင်နေသလို မုန်းတိုင်းတိုက်ခိုက်ပြီးတဲ့အချိန်ကနေ စိတ်ချရတဲ့အချိန်ဟာ (၁၂)နာရီကြာမြင့်မယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ခန့်မှန်းထား ပါတယ်။