အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ တရားမဝင်နေထိုင်လို့ ထိန်းသိမ်းခံထားရသူထဲက ၂၅၉ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာနိုင်ငံဘက်ကို ပြန်ပို့လိုက်တယ်လို့ ဒေသတွင်း မီဒီယာတွေဖော်ပြချက်အရ သိရပါတယ်။
မဏိပူရ်ပြည်နယ်မှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၆၇၄၆ ဦးရှိခဲ့ပြီး ၎င်းထဲမှ ၂၅၉ ဦးရဲဲ့ ဇိဝဆိုင်ရာ ကိုယ်ရေးအချက်အလက်တွေကို ယူပြီးနောက် မြန်မာနိုင်ငံကို ပြန်ပို့တာဖြစ်ပြီး ကျန်တဲ့ ၆၄၈၇ ဦးကိုလည်း ယာယီထိန်းသိမ်းရေး စခန်းတွေမှာ ပို့ထားတယ်လို့ သိရပါတယ်။
စစ်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေကို ဒေသခံတွေနဲ့ ရောထွေးမသွားအောင် ဆောင်ရွက်ထားတယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက ပြောဆိုထားတယ်လို့လည်း သိရပါတယ်။
မဏိပူရ်ပြည်နယ်အတွင်း ကျန်နေသေးတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စီစစ်အတည်ပြုပြီးတာနဲ့ မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုထားတယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းမှုအလွန် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပဠိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံနယ်နိမိတ်နီးစပ်က ဒေသခံပြည်သူ တော်တော်များများဟာ အိန္ဒိယနိင်ငံကို စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြပါတယ်။