အိန္ဒိယ – မြန်မာ ၂ နိုင်ငံအကြား နယ်စပ် လမ်းကြောင်းအားလုံးကို အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်အရ မေလ (၁) ရက်နေ့ကစလို့ ပိတ်ပင်တော့မယ်လို့ သိရပါတယ်။
နားလည်မှုဖြင့် ဒီလဧပြီလမကုန်ခင်အထိ နှစ်ငံနိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော်နေထိုင်ခွင့်ကို ပြုထားမှာဖြစ်ပြီး မေလ (၁) ရက်နေ့ကစလို့ အိန္ဒိယ – မြန်မာ နယ်စပ်က လမ်းကြောင်းအားလုံးကို ပိတ်ပင်သွားမှာဖြစ်ပြီး အရေးပေါ်အခြေနေမျိုးရှိမှသာ စနစ်တကျ စာရင်းမှတ်တမ်းတွေပြုစုပြီး သွားလာခွင့်ပြုမှာလို့လည်း သိရပါတယ်။
စစ်တပ်အာဏာသိမ်းမှုအလွန် ချင်းပြည်နယ်က ဒေသခံအများစုဟာ တိုက်ပွဲပဠိပက္ခတွေကြောင့် ချင်းပြည်နယ်နဲ့ နယ်နိမိတ်ခြင်းထိစပ်တဲ့ အိန္ဒိယနိုင်ငံဘက် ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ လူဦးရေဟာ ၆ သောင်းကျော်ရှိနေပြီလို့လည်း ချင်းအရပ်ဖက်အဖွဲ့အစည်းတွေ ဆီကနေ သိရပါတယ်။
မြန်မာ – အိန္ဒိယနှစ်နိုင်ငံ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို အဆုံးသတ်ပြီး ခြံစည်းရိုးကာရံမယ့် အစီစဉ်ကိုလည်း အိန္ဒိယအစိုးရက ယခုနှစ်ဆန်းပိုင်းလောက်ကတည်းက ထုတ်ပြောထားပါတယ်။