ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသည့် လင်မယား ၂ ဦးအနက်မှ အမျိုးသမီး ဖြစ်သူကို မုဒိမ်းကျင့်ကာ အမျိုးသားဖြစ် သူနှင့်အတူ ၂ ဦးလုံးကို ပစ်သတ်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ခမရ ၆ ၌ ဖမ်းဆီးထားသည့် အုတ်ဖိုမြို့နယ် တံငါကုန်းရွာနေ ကိုမြမင်းထက်နှင့် မသက်သက်ဦး တို့ လင်မယား ၂ ဦးကို ဝိုင်းရဲစခန်းသို့ ခေါ်ဆောင်လာကြောင်း၊ ယင်းနောက် စစ်သား ၁၅ ဦးက ဖမ်းဆီးခံ လင်မယား ၂ ဦးလုံးကို ပဲခူး ရိုးမအတွင်းကို ခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့နောက် စစ်သားများက လင်မယား ၂ ဦးကို ပဲခူးရိုးမ အတွင်းရှိ PDF စခန်းကို လိုက်လံ ပြသခိုင်းကြောင်း၊ ယနေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ကိုင်းချိုကြီး ရွာနှင့် လက်ပံပင်ခုန်ရွာ အကြားတွင် စစ်သားများက မသက် သက်ဦး ကို မုဒိန်းကျင့်ပြီး ၂ ဦးလုံးကို ပစ်သတ် မြေမြုပ်သွားကြောင်း သိရှိရသည်။
“အုတ်ဖိုက ဖမ်းထားတဲ့ လင်မယားကို စစ်ခွေးတွေက ပဲခူးရိုးမထဲခေါ်ပြီး အမျိုးသမီးကို မုဒိမ်းကျင့်ပြီး ၂ ဦးလုံးကို ပစ်သတ်လိုက်တယ်။ အလောင်းက မြုပ်ထားတာ ခွေးက ယက်ရင်း ပေါ်လာတယ်လို့ သိရတယ်။ အလောင်းမှာ မိုင်း ထောင် ထားတယ်ပြောနေလို့ မိုင်းရှင်းဖို့လုပ်နေပါတယ်” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
စစ်တပ်၏ သတ်ဖြတ်ခြင်းခံရသူ ကိုမြမင်းထက်နှင့် မသက်သက်ဦး တို့ လင် မယား ၂ ဦးသည် မေလ ၁၀ ရက်နေ့ မွန်း လွဲ ၂ နာရီခန့်အချိန် ကြို့ပင် ကောက် မြို့နယ် သာစည်ကျေးရွာ ရန်ကုန်-ပြည်လမ်းပိုင်းတွင် စစ်တပ်က PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ကြို့ပင်ကော က်မြို့နယ် မြကန်သာလမ်းနေ ကိုကတုံး ဆိုသူကိုလည်း စစ်တပ်က ဖမ်းဆီး ခဲ့ပြီး ပြန်လည်ခုခံသည်ဟုဆိုကာ ပစ်သတ်ခဲ့ကြောင်း သိရသည်။