ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ ဝိုင်းကျေးရွာတွင် နေထိုင်တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေ စစ်ထွက်ပျူစောထီးတစ်ဦးကို နေထိုင်ရာအိမ်အနီး ဂမုန်းတံတား ထိပ်မှာ ဇန်နဝါရီလ ၁၀ ရက် နေ့လည် ၂နာရီခန့်မှာ သာယာဝတီခရိုင်၊ PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ – ၁ Dragon Brothers (GBK-PDF)က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Bago Region PDF က ဒီနေ့ မနက်က ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ ပျူစောထီးဖြစ်သူ မင်းမင်းက စစ်ထွက်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီထံမှ လက်နက်ထုတ်ယူ ကိုင်ဆောင်နေတဲ့ ပျူစောထီးလည်း ဖြစ်တဲ့ အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းကာ ပြည်သူတွေကို ခြိမ်းခြောက်ဆဲဆိုခြင်း၊ ရိုက်နှက် စစ်ဆေးခြင်း၊ ပြည်သူ့ထောက်ပိုတွေကို စုံစမ်းဖော်ထုတ်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများရဲ့ တည်နေရာများကို ထောက်လှမ်းကာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့အတူ အမြဲလိုက် ပါတာတွေကို ပြုလုပ်နေတဲ့ နယ်မြေကျွမ်းကျင်သော ပျူစောထီးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ စစ်ထွက်ပျူစောထီးမှာ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပျူစောထီးမင်းမင်းရဲ့ အပေါင်းအပါတွေအနေနဲ့ ပြည်သူလူထုကို အနိုင်ကျင့်စော်ကားခြင်း၊ အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေး လမ်းပြတာတွေ လုံးဝ (လုံးဝ) မပြုလုပ်ဖို့ သက်ဆိုင်ရာ တပ်ဖွဲ့ဘက်က သတိပေးထုတ်ပြန်ထားတယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။