ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ အကြမ်းဖက် တပ်ဖွဲ့ဝင် ဗိုလ်ကြီး ၁ ဦးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ် ရှင်းလင်း နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က စက်တင်ဘာ ၁ ရက်စွဲနဲ့ ထုတ်ပြန် ထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် တပ်မ( ၆၆ ) အုတ်ဖိုမှ ဗိုလ်ကြီး ၁ ဦးကို စက်တင်ဘာ ၁ ရက် နေ့လည် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ ဆိုင်ကယ်စီးပြီးပြန်လာစဥ် PDF က ပစ်ခတ်ရှင်းလင်းခဲ့ကာ သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်ကြီးဖြစ်သူထံမှ MA3 မောင်းပြန်သေနတ် ၁ လက်၊ လက်ကိုင်ဖုန်း ၁ လုံး၊ ပိုက်ဆံအိတ် ၁ အိတ်၊ မှတ်ပုံတင်၊ ပြန်တမ်းဝင်အရာရှိကဒ် ၁ ခု သိမ်းဆည်းရမိခဲ့ပြီး ၊ ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင် ၃၈၀၂ ၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာပါ။