ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရဲကင်းစခန်း အနီးတွင် ပျူစောထီး စိုးမြင့် ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၄ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ဝိုင်းရဲကင်း စခန်းအနီးတွင် ပျူစောထီး စိုးမြင့်ဆိုသူကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ပျူစောထီး စိုးမြင့်သည် ဝိုင်းရဲကင်းစခန်းမှ ရဲသန်းဌေးဦး၏ ယောက္ခထီး ဖြစ်ကြောင်း သိရှိရသည်။
” ဝိုင်းရဲကင်းစခန်းက စစ်ခွေးတွေက ၄၀ မမတွေလက်နက်ငယ်တွေနဲ့ ကျွန်တော်တို့ ရဲဘော်တွေကို လိုက်လံ ပစ်ခတ်ပေမယ့် ရဲဘော်တွေ ဘေးကင်းစွ ာဆုတ်ခွာနိုင်ခဲ့တယ်” ဟု PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။