ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာ အခြေစိုက် ခမရ ၆ တပ်တွင် သေနတ်ကျည် ရှင်းခိုင်းစဥ် ကျည်ထွက်သေဆုံးခဲ့သည့် စစ်ဗိုလ် အောင်မျိုးသူ၏ နာရေးဖိတ်စာ၌ စစ်တပ်က ရာထူးမထည့်ခိုင်းကြောင်း တပ်တွင်းသတင်းရင်း မြစ် များထံမှ သိရှိရသည်။
ဩဂုတ်လ ၁၁ ရက်နေ့ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာအခြေစိုက် ခမရ ၆ ၌ တပ်ခွဲမှူး တာဝန်ယူထားသည့် စစ်ဗိုလ် အောင်မျိုးသူက တပည့်ဖြစ်သူ တပ် သားကို သေနတ် ကျည်ရှင်းခိုင်းကြောင်း၊ အဆိုပါ စစ်သားက သေနတ်ကို စမ်းသပ် ပစ်ခတ်စဥ် ကျည်ထွက်ပြီး စစ်ဗိုလ်အောင်မျိုးသူ ထိမှန် သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသော စစ်ဗိုလ် အောင်မျိုးသူ၏ ရက်လည် နာရေးဖိတ်စာတွင် စစ်တပ်က ရာထူးတာဝန်များ မထည့်ခိုင်းဘဲ ရုပ်အလောင်းကိုလည်း တပ်အတွင်းတွင်ပင် သဂြိုလ်လိုက်ကြောင်း၊ စစ်ဗိုလ် အောင်မျိုးသူတွင် ၁ နှစ် အရွယ် ကလေးငယ် တစ်ဦးကျန်ရှိခဲ့ပြီး ဇနီးဖြစ်သူက တောင်ငူတွင် နေထိုင် ကြောင်း သိရှိရသည်။
” မိသားစုကတော့ တပ်သားက ကျည်ရှင်းရင်း မှန်တယ်ဆိုတာကို မယုံကြဘူး။ အပြင်က ပစ်တယ်လို့ယူဆကြပါတယ်။ ရက်လည်ဆွမ်းသွတ် ဖိတ်စာမှာ စစ်တပ် က ဘာရာထူးမှ မထည့်ခိုင်းလို့ အရပ်သားလိုပဲ ထည့်လိုက်ရတယ်လို့ သိရ တယ်။ ပစ်လိုက်တဲ့ တပ်သားကိုလည်း အချုပ်ထဲထည့်ထားတယ်လို့ မိသားစု ကို ပြောလိုက်တယ်။ ရုပ်အလောင်းကိုတော့ တပ်မှာပဲ သဂြိုလ်လိုက် တယ်။ စစ်ဗိုလ် အောင်မျိုးသူက ဆေးပင်စင်တင်တာ မရလို့ ဆက်တာဝန် ထမ်း ဆောင်နေရတာ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။