ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ KTV တစ်ခုမှာ ရဲတွေ သေနတ်ပစ်ဖောက် သောင်းကျန်းလို့ အနီးအနားက ပြည်သူတွေ ထိတ်လန့်ခဲ့ရတယ်လို့ သိရပါတယ်။
အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်က KTV မှာ ဆိုင်နဲ့အဆင်မပြေလို့ မနက် ၃ နာရီခန့်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက သေနတ်ပစ်ဖောက် သောင်းကျန်းတာဖြစ်ပြီး အဲ့ဒီ့ရဲတွေဟာ ကလောြမို့ကလာတဲ့ ရဲတွေလို့ သိရပါတယ်။
`ဆိုင်တွေ အားလုံး သူတို့ကို ကြောက်ပြီး ပတ်ပြေးနေကြရတာ၊ ခုလဲ သူတို့ကိုကြောက်ပြီး မပြောရကြဘူး`လို့ ဒေသခံတွေကပြောပါတယ်။
ကလောက ရဲတွေအနေနဲ့ အောင်ပန်းကို ဘာကိစ္စနဲ့လာတယ်ဆိုတာ မသိရပေမယ့် အောင်ပန်းရဲစခန်းက နယ်ထိန်းတပ်ကြပ်ကြီးအောင်ဇော်က ကလောကပြောင်းလာတာဖြစ်လို့ အောင်ပန်းမှာရှိတဲ့ လောင်းကစားဝိုင်းတွေနဲ့ KTV တွေဆီ လာကြတာထင်တယ်လို့ ပြောကြပါတယ်။
မကြာသေးခင်ကလည်း အောင်ပန်းနယ်ထိန်းအောင်ဇော်နဲ့ အပေါင်းပါတွေက အရပ်ဝတ်နဲ့လောင်းကစားတာမှာ စကားများပြီး သေနတ်ထုတ်ပြ ခြိမ်းခြောက်တာတာတွေ လုပ်ခဲ့တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးသမားတွေကိုလည်း ရဲစခန်းကိုခေါပြီး အလုပ်ခိုင်းတာ ငွေပေးမှပြန်လွှတ်တာတွေ ၊ မသင်္ကာဘူးဆိုပြီး အပြစ်မဲ့ပြည်သူတွေကို ရဲစခန်းခေါပြီး ငွေရမှ ပြန်လွှတ်တာတွေ လုပ်နေတယ်လို့ ပြောကြပါတယ်။
အောင်ပန်းက လူထုကတော့ တရားဥပဒေအရ အားကိုးရမယ့် ရဲတွေမရှိဖြစ်နေလို့ အားကိုးရာမဲ့နေတယ်လို့ ပြောဆိုနေကြပါတယ်။