မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းရှိ ကပစ ၁၅ တပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး မကွေးမြို့တွင်း၌ ကင်းလှည့်နေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မကွေး ခရိုင် အမှတ် ၂ တပ်ရင်းမှ ဗိုလ် စံသျှားက ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်တွင် အောင်လံမြို့ နယ် အတွင်းရှိ အ ကြမ်းဖက်စစ်ကောင်စီ၏ ကပစ ၁၅ တပ်အား ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးသေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း ၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်း နှင့် ငါးပြေမ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။