ထိုင်းနိုင်ငံကိုလာရောက်လိုသူတွေအနေနဲ့ အွန်လိုင်းကတဆင့် ဗီဇာရက်ချိန်းကို ဒီနေ့ကစတင်ပြီး ရယူနိုင်ပြီလို့ ရန်ကုန်မြို့မှာ ရှိတဲ့ ထိုင်းသံရုံးက ကြေညာပါတယ်။
အွန်လိုင်းကနေ ဗီဇာရက်ချိန်းရယူတာကို https://thaiconsularyangon.com/visa ဝက်ဘ်ဆိုဒ်မှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်ကစတင်ပြီး အွန်လိုင်းဗီဇာရက်ချိန်းကို တစ်ရက် တိုကင်နံပါတ်အရေအတွက် ၂၀၀ နှုန်းနဲ့ ရက် ၃၀ စာကြိုတင် ရက်ချိန်ပေးမယ်လို့ ထိုင်းသံရုံးက ဆိုပါတယ်။
အွန်လိုင်းကတဆင့် ဗီဇာရက်ချိန်ရယူထားသူတွေဟာ အီမေးလ်တဆင့်ပေးပို့လာတဲ့ ရက်ချိန်းစာရွက်ကို ဗီဇာလာရောက်လျှောက်ထားမယ့်ရက်မှာ ယူဆောင်လာရမယ်လို့လည်း အသိထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမယ့် ဥပဒေကိုအသက်သွင်းပြီးနောက် ဗီဇာရလွယ်ပြီး မြန်မာနဲ့အနီးဆုံးမှာရှိတဲ့ ထိုင်းနိုင်ငံဆီ တိမ်းရှောင်ဖို့ ပြင်ဆင်ကြသူတွေ များပြားနေတာပါ။
ဗီဇာလျှောက်ထားသူများ အလုံးအရင်းနဲ့ ဖြစ်လာပြီးနောက် တန်းစီစနစ်နဲ့ တစ်ရက်ကို လူလေးရာသာ တိုကင်ပေးမယ်လို့ ထိုင်းသံရုံးက ကြေညာခဲ့ရပါတယ်။