ဥရောပသမဂ္ဂဝင်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှု ထပ်တိုးချလိုက်တဲ့အထဲ စစ်ကောင်စီအဖွဲ့ဝင် ချင်းပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဒေါက်တာမှုထန်အပါဝင် မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ် လေးဦး ပါဝင်လာတယ်လို့ သိရပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြံပေးပုဂ္ဂိုလ် စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညှိစော၊ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ စစ်ကောင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင် နဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး တို့နဲ့အတူ စစ်တပ်ကို လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ Star Sapphire ကုမ္ပဏီအုပ်စုနဲ့ Royal Shune Lei ကုမ္ပဏီလိမိတက် တို့ ပါဝင်တယ်လို့ သိရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရတဲ့ ZCD ပါတီ အထွေထွေအတွင်းရေးမှူး ပူးဂင်ကမ်းလျန်အစား ချင်းပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဒေါက်တာမှုထန်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က အစားထိုးခန့်အပ် ခံခဲ့ရသူဖြစ်ပါတယ်။
အဲဲဒီ ဒဏ်ခက်ပိတ်ဆို့မှုစာရင်းမှာပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှာ ဖြစ်သလို သူတို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကျိုးအမြတ် ဖြစ်စေမယ့် စီးပွားရေး အရင်းအမြစ်တွေကိုလည်း ပိတ်ပင်မှာဖြစ်သလို ဥရောပဒေသထဲ လာရောက်ခွင့်ကိုလည်း ပိတ်ပင်ထားမှာလို့ သိရပါတယ်။
မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၀၀ ကျော်နဲ့ ကုမ္ပဏီအဖွဲ့အစည်း စုစုပေါင်း ၂၀ ကျော်ကို အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားပြီးလည်း ဖြစ်တယ်လို့ သိရပါတယ်။