ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်တပ်က အဓမ္မစစ်မှုထမ်း အပတ်စဉ်(၂)အတွက် ရွာတွေကို ကွင်းဆင်းပြီး တစ်အိမ်ဆင်း တစ်အိမ်တက် အတင်းအဓမ္မဖိအားပေး ခြိမ်းခြောက် လိုက်ခေါ် နေ တယ်လို့ ဧရာဝတီတိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်တွေကို စောင့်ကြည့်နေတဲ့ ပုသိမ်သတင်းတပ်ဖွဲ့က ပြောပါတယ်။
“စစ်မှုထမ်း အပတ်စဉ် (၂)အတွက် ဆင့်ခေါ်စာတွေကို အကြမ်းဖက်တပ်တွေက သူတို့ ကိုယ်တိုင်ရွာတွေကို ဆင်းပြီး အိမ်တိုင်ရာရောက် လိုက်ပို့နေပြီး မနက်ဖန် ဧပြီ ၁၉ရက်နေ့မှာ သူတို့ကိုယ်တိုင် လာရောက်ခေါ်ပြီး ဆေးစစ်ဖို့ လိုက်ခဲ့ရမယ်” လို့ ပုသိမ်သတင်းတပ်ဖွဲ့က ပြောပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်သာပေါင်းမြို့နယ် ခေနန်အုပ်စု၊ ဘုရာကုန်းအုပ်စု၊ ကွင်းပေါက်အုပ်စု ၊ သရက် ကုန်းအုပ်စု စတဲ့ကျေးရွာအုပ်စုတွေမှာဆို စစ်မှုထမ်းဖို့ ရပ်ကျေးတစ်အုပ်စုကို ဆယ်ယောက်နှုန်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက အတင်းဖိအားပေး ခြိမ်းခြောက် လူတောင်း နေတယ်လို့ ဆိုပါတယ်။
“အဲဒီ အဓမ္မစစ်သားစုဆောင်းနေတဲ့ သာပေါင်းမြို့နယ် ၊ ကျီးပင်အုပ်စု ကျီးကျွန်း၊ ကျားကျွန်း၊ ဒလယ်ကူး၊ ကျီးပင်၊ ကြွက်ကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးမြင့်လွင်ကို စစ်မှုထမ်းကိစ္စနဲ့ ပတ် သက်လို့ လူငယ်တစ်ဦးက ဓါးနဲ့ခုတ်တာကြောင့် အသုတ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရ တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် ၊ရေချိုကုန်းကျေးရွာအုပ်စု၊ ညောင်ဝိုင်း၊ တဂူ ချောင်းစတဲ့ ကျေးရွာအပိုင် အကြမ်းဖက်အုပ်မှူးဆန်းဌေးဦးနဲ့ လူတစ်စုဟာ ကျေးရွာနေ ပြည်သူတွေကို အတင်းဖိနှိပ်အနိုင့်ကျင့်ကာ အကြောင်းတစုံတရာရှိပါက အကြမ်းဖက် စစ်တပ် ခေါ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။