ဧရာဝတီတိုင်းအတွင်းရှိ မြို့အဝင် အထွက်များတွင် ယခု စက်တင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီ တပ်သားများ ဂိတ်ပြန်စောင့်နေပြီး စစ်ဆေးရေးဂိတ်များ ပြန်လည်ချထားပြီး စစ်ကောင်စီတပ်သား အနည်းငယ်နှင့် ကင်းပုန်းပုံစံထားကြောင်း ဒေသခံများထံက သိရသည်။
“ ခုဂိတ်တွေမှာ စစ်သားတွေ ပြန်စောင့်နေတာ လေး ငါး ရက်လောက်ပဲ ရှိသေးတယ်။ ဂိတ်တွေမှာတော့ တစ်ယောက်နှစ်ယောက် လောက်ပဲ ရှိတယ်။ လူတွေမမြင်နိုင်မယ့် နေရာတွေမှာ ကင်းပုန်းပုံစံမျိုးတွေထားတာ။ ရန်ကုန်ကနေ ဧရာဝတီတိုင်းထဲဝင်တဲ့ ပန်းလှိုင်ဂိတ်၊ မယ်ဇလီဂိတ်၊ တွံတေးဘက်ကဝင်တဲ့ လကျ်ားကြီးဂိတ်၊ မအူပင်မြို့နဲ့ ကျိုတ်လတ်မြို့ကြားထဲကဂိတ်တွေအပြင် မအူပင် ရေလဲ ဘက်ကထွက်တဲ့ ဗိုလ်ချုပ်ကြေး ရုပ်မှာပါ စစ်သားတွေ စောင့်နေကြတာတွေ့တယ်” ဟု ဒေသခံအမျိုးသား တစ်ဦးကပြောပါသည်။
“မအူပင်မြို့အဝင်တံတားဂိတ်မှာတော့ စစ်သား တစ်ယောက် တလေသာတွေ့ရပေမယ့် မအူပင်မြို့အရှေ့ဘက်ကမ်း တံတားအောက်မှာရှိတဲ့ သံကြိုးတိုင် ဂိုထောင်တွေထဲမှာ တော့ စစ်သားတွေ ချက်ပြုတ်စားသောက်နေတာတွေရှိတယ်။ ညဘက်ကင်းပုန်း တွေဝပ်တာ ရေကြောင်းကနေ သင်္ဘော တွေကိုရှာဖွေစစ်ဆေးတာတွေ တော့ လုပ်နေတယ်” မအူပင်မြို့ဒေသခံတစ်ဥဦးကပြောပြခဲ့ပါသည်။