ဧရာ၀တီတိုင်းရှိ ရဲတပ်ဖွဲ့၀င်များ၏ ဇနီးများကို ဒီဇင်ဘာလအတွင်း စစ်သင်တန်းပေးမည်ဖြစ်သောကြောင့် မပျက်မကွက်တက်ရောက်ရမည်ကို သိရှိကြောင်း လတ်မှတ်များကို နို၀င်ဘာလ ၁၁ ရက်နေ့က စတင် ထိုးခိုင်းနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရှိရသည်။
“လိုင်းခန်းမှာ ရှိသမျှ အသက် ၅၀ အောက် ရဲတပ်ဖွဲ့၀င်တွေရဲ့ဇနီးတွေအကုန်လုံး တက်ရောက်ပါ့မယ်အကြောင်း လတ်မှတ် ထိုးခိုင်းနေတာ ကိုယ်၀န်ဆောင်ပဲလွတ်တယ်”ဟု ပုသိမ်ခရိုင်တွင်းရဲစခန်းတစ်ခုမှ ရဲတပ်သားတစ်ဦး၏ ဇနီးကပြောပါသည်။
လက်ရှိ စစ်သက်တန်း တက်ရောက်ရန်လတ်မှတ်ထိုးရသူများတွင် ရဲတပ်ဖွဲ့ဝင်များ၏ မှိီခိုသူ ဇနီးသည်များသာဖြစ်ပြီး လက်ရှိ စစ်ကောင်စီလက်အောက်တွင် ၀န်ထမ်းအဖြစ် တာ၀န်ထမ်းဆောင်နေသည့် ဇနီသည်များ တက်ရောက်ရန် မလိုကြောင်းသိရသည်။
စစ်ကောင်စီကို ခုခံတော်လှန်မှုများ တဖြည်းဖြည်းပိုများလာနေသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အင်အားမလုံလောက်တော့သည့်အတွက် ရဲဝန်ထမ်းများ၏ ဇနီးများကို စခန်းလုံခြုံရေးအသုံးပြုရန်အတွက် စစ်သင်တန်းပေးခြင်းဖြစ်နိုင်ကြောင်း CDMရဲ၀န်ထမ်းတစ်ဦးမှ သုံးသပ်ပြောဆိုသည်။