ဘရစ္စဘိန်းမြို့ မောင့်ဂရဘတ်ခမ်းမမှာ ကျင်းပခဲ့ကြတဲ့ ဒီကနေ့အခမ်းအနားကို CRPH/NUG Support group က စီစဉ်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၈လေးလုံး အရေးတော်ပုံအတွင်းက ဓာတ်ပုံမှတ်တမ်းတွေနဲ့ ရုပ်သံမှတ်တမ်းတွေကိုလည်း ခင်းကျင်းပြသသွားခဲ့ကြပါတယ်။
ဈေးရောင်းပွဲက ရရှိငွေတွေနဲ့ အလှူခံ ရရှိငွေ အားလုံးကိုလည်း စစ်ဘေး မီးဘေးသင့်ပြည်သူတွေနဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားနေသူများထံ တိုက်ရိုက် ပေးပို့သွားမယ်လို့ စီစဉ်သူတဦးက ပြောပါတယ်။ ၈၈၈၈ အမှတ်တရပွဲကိုတော့ ရုံးပိတ်ရက်တွေနဲ့ တိုက်ဆိုင် ပြုလုပ်ရတဲ့အတွက် နောက်ကျမှ ကျင်းပရတာလို့ ပွဲစီစဉ်သူ တဦးဖြစ်တဲ့ မနွန်းသန့်က ပြောပါတယ်။