ရှမ်းပြည်နယ် မူဆယ် ၁၀၅ မိုင်တပ်စခန်းကို ညီနောင်မဟာမိတ်သုံးဖွဲ့က ပူးပေါင်းထိုးစစ်ဆင်နေပြီး ၁၀၂၇ တော်လှန်ရေး ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးကို ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ က ဒီဇင်ဘာ ၁၁ ရက်ည ၁၂ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်မနက်ပိုင်းမှာလည်း မူဆယ် ရဲ့ အဓိက ကုန်သွယ်ရေး စခန်းဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်စခန်းကို ညီနောင်မဟာမိတ်သုံးဖွဲ့က ပူးပေါင်းပြီး ထိုးစစ်ဆင် နေကြောင်းထုတ်ပြန်ထားပါတယ်။
၁၀၂၇ တော်လှန်ရေး စတင်တဲ့ နေ့ကစပြီး တစ်ရက်မပြတ်၊ စခန်းသိမ်းတိုက်ပွဲ တွေ ဆင်နွဲခဲ့ပြီး ဆက်လက်တိုက်ပွဲ ဝင်သွားဖို့ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင်ရခိုင့်တပ်တော် AA က လည်း ဒီမနက်မှာ ပဲ ပလက်၀ မှာ ရှိတဲ့ နှုံးဗူး ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့ပြီး ၊ ပေါက်တောမြို့နယ် အနီးတစ်ဝိုက်မှာ ရှိတဲ့ လက်ကျန် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ချေမှုန်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
တအာင်းတပ်မတော် TNLA အနေနဲ့ နမ့်ဆမ်၊ နောင်ချို ၊ လားရှိုး ၊မိုင်းငေါ့ မြို့နယ်တွေမှာ ထိုးစစ်ဆင်နေ ပြီး အကြမ်းဖက်စစ်ကောင်စီဘက် ဒီဒေသမှာ ရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီး ၊ လေကြောင်း တွေနဲ့ ရပ်ရွာတွေ ကို ပစ်ခတ်နေတာ ဖြစ်ပါတယ်။
ကိုးကန့်တပ်မတော် MNDAA အနေနဲ့ မြန်မာ-တရုတ်နယ်စပ် မှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း အများစု ကို သိမ်းပိုက်ထားပြီး လောက်ကိုင်မြို့ဆီ ထိုးစစ်ဆင်ဖို့ ချီတက်နေတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ဒုတိယအဆင့် အနေနဲ့ မြန်မာပြည်သူတစ်ရပ်လုံးအနေ အကြမ်းဖက်စစ်ကောင်စီကို ရရာနည်းလမ်း၊ ရရာလက်နက်နဲ့ ရောက်ရှိတဲ့နေရာကနေ တော်လှန်တိုက်ခိုက်ကြဖို့အတွက် ညီနောင်မဟာမိတ် သုံးဖွဲ့က တိုက်တွန်းထားပါတယ်။