ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့ (၁၄၇) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားပြုအဖြစ်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ အဖွဲ့က တက်ရောက် နေတာဖြစ်ပြီးတော့ မတ် ၂၄ ရက် မှာ ပြုလုပ်တဲ့ အမှုဆောင်ကောင်စီအစည်းအဝေးနဲ့ ညီလာခံအစည်းအဝေးကို တက်ရောက်ခဲ့တာပါ။
ညီလာခံသို့ တက်ရောက်လာတဲ့ ဆွီဒင်၊ ထိုင်း၊ ကနေဒါ၊ ပေါ်တူဂီနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
(၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးများအား မတ် ၂၃ ရက်ကစတင်ပြီးတော့ ကျင်းပနေရာ မတ် ၂၇ ရက်အထိ ကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ညီလာခံအစည်းအဝေးများ၊ အမြဲတမ်းကော်မတီ အစည်းအဝေးများနဲ့ ဆက်စပ်အစည်းအဝေးများကို ပါဝင်တက်ရောက်သွားမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က သတင်းထုတ်ပြန်ထားပါတယ်။