ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံးမြို့နယ်အထွက်မှာ စစ်ကောင်စီတပ်ဖွဲ့က ၁၈ နှစ်ပြည့်မှတ်ပုံတင် မလဲထားတဲ့သူတွေကို လမ်းသွားဖြတ်လာခွင့်မပြုဘဲ မြို့အပြင်ဂိတ်မှာနေခဲ့ခိုင်းပြီး မိသားစုတွေကို လာခေါ်ခိုင်းတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လိုင်းကာဆီးလာတဲ့သူတွေကို စစ်ဆေးပြီး ၁၈ နှစ်ပြည့်မှ မလဲရသေးတဲ့ မိုင်းနောင်ဒေသခံတစ်ဦးက တာချိတ်လိတ်ကိုသွားခဲ့စဥ်က စစ်ကောင်စီဂိတ်မှာ စစ်ဆေးခံရပြီး ဂိတ်မှာကျန်ခဲ့ရတယ်လို့ ပြောပြပါတယ်။
“ အခုနောက်ပိုင်း ထိုင်းနိုင်ငံဘက်ထွက်တဲ့သူတွေများလို့တဲ့ ကျွန်မကိုပြောတယ်။ အိမ်ပြန်မှာအရဘူးတဲ့ မိသားစုတွေထောက်ခံပေးပြီး ပြန်လာခေါ်တဲ့ အပေးသွားတော့ အိမ်ကိုဖုန်းဆက်ပြောလည် မိသားစုတွေလာခေါ်မှ ပေးပြန်တာ တာချိလိတ် အကိုပြန်လာခေါ်ရတယ်”လို့ သူကပြောပါတယ်။
ကျိုင်းတုံအထွက်ဂိတ်တွေဟာ ရှမ်းတောင်က ပြည်သူတွေကို ပိုစစ်ဆေပြီး စစ်ကောင်စီက ကျပ် ၁ သိန်းအထက်ပေးမှသာ သွားလာခွင့်ပြုတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီနဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေက ရှမ်းတောင်မှာ စစ်မှုထမ်းဥပဒေထုတ်ပြီးနောက် ဒေသခံအများစုဟာ ထိုင်းနိုင်ငံဘက် ထွက်ပြေးမှုတွေ ရှိတာကြောင့် စစ်ကောင်စီက စစ်ဆေးပြီး လူလတ်ပိုင်းတွေ ကိုသွားလာခွင့်မပြုဘဲ မိသားစုတွေကိုလာခေါ်ခိုင်းတာလို့ ဆိုပါတယ်။