“၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အခမ်းအနားကို မနက်ဖန် မနက် ၁၀ နာရီမှာ ပြုလုပ်မှာဖြစ်ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နဲ့ ဒုဝန်ကြီးတို့နဲ့အတူ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း တို့ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်က “အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံစို့” ဖြစ်ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ၊ PVTV ၊ Mizzima ၊ DVB နဲ့ ခေတ်သစ်သတင်းဌာန အစရှိတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။