ဒီကနေ့မှာ ကျရောက်တဲ့ (၂၇၆၃)နှစ်မြောက် ကယန်းနှစ်သစ်ကူးနေ့အခမ်းအနားကို ကယန်းမျိုးဆက်သစ်လူငယ် (KNGY) နဲ့ ဇုံကော်မတီတွေကနေ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ဦးဆောင် ကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။
အခမ်းအနားအစီအစဉ်မှာတော့ ကယန်းအမျိုးသားအလံတော်ကိုလွှင့်ထူခြင်း၊ အလံတော်အား အလေးပြုခြင်း၊ နှစ်သစ်ကြိုဆိုအမှာစကားပြောကြားခြင်း၊ အဖွဲ့အစည်းအသီးသီးကနေ ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခြင်း၊ ကျေးဇူးတင်စကားပြောကြားခြင်း၊ ကယန်းဘုံအက ဝိုင်းဖွဲ့ကခြင်း စတဲ့ အစီအစဉ်တွေနဲ့ ပြုလုပ်သွားခဲ့ကြပါတယ်။
ကယန်းနှစ်သစ်ကူးနေ့ ကို ကြိုဆိုသောအားဖြင့် ကယန်းမျိုးနွယ်စုတွေရှိတဲ့ နေရာဒေသအသီးသီး၊ မြို့နယ်၊ အုပ်စု၊ ဇုံအလိုက်တွေမှာ ပြုလုပ်သွားခဲ့ကြပါတယ်။
လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ကယန်းနှစ်သစ်ကူးနေ့အခမ်းအနားကို ခမ်းနားစွာမပြုလုပ်နိုင်တော့ဘဲ အကျဉ်းချုံးသာ ပြုလုပ်နိုင်တော့တယ်လို့ သိရပါတယ်။