စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ၅/အရာတော်သပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” နဲ့ “ရဲဘော် ကိုဗဟိန်း နှင့် ကိုသမိုင်း ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်” ဆိုတဲ့ စာသားတွေကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသပတ်ကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အရတ ပကဖ)၊ အရာတော်မြို့နယ်ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) နဲ့ ဒေသခံ ပြည်သူလူထုများအတူပူးပေါင်းပြီး အရာတော်မြို့နယ် ကျေးရွာတစ်ရွာမှာ ပြုလုပ်ခဲ့ကြပါတယ်။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။