အရာတော်မြို့နယ်တွင် ၅/အရာတော် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီ၊ အရာတော် မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(အရတ ပကဖ)၊ အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသ များ အဖွဲ့ချုပ်) တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။