ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သဝဏ်လွှာပေးအပ်ပါတယ်။
ကချင်ပြည်သူလူထုတစ်ရပ်လုံးမှ လိုလားသော နိုင်ငံရေး ရည်မှန်းချက်၊ KIO/KIA ရည်မှန်းထားတဲ့ စစ်ရေးနဲ့နိုင်ငံရေး ရည်မှန်းချက်များ အမြန်ဆုံး ပြည့်ဝပါစေကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့မှ လေးနက်စွာ ဆုတောင်းပေးရင်း ဂုဏ်ပြုကြိုဆိုတယ်လို့ အဲ့ဒီသဝဏ်လွှာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးများသည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကိုကိုယ်ဖန်တီးနိုင်ခွင့်အပါအဝင် ဗမာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်အကြမ်းဖက် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ဖို့အတွက် စစ်အာဏာရှင်တို့ကို တစိုက်မတ်မတ် တော်လှန်တိုက်ပွဲဝင်နေခဲ့ကြတာဟာ ဆယ်စုနှစ်ပေါင်းများစွာရှိပြီလို့လည်း ပါရှိပါတယ်။