ပဲခူးတိုင်းအရှေ့ခြမ်း ၊ညောင်လေးပင်ခရိုင်ထဲမှာ လက်ရှိဇူလိုင်လ အတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူ ဒေသခံ ၂၀ ဦးထိရှိလာပြီလို့ KNU ဗဟိုကဖော်ပြပါတယ်။
အဲဒီအရေအတွက်ဟာ ဇူလိုင်လ ၆ ရက်ကနေ ၁၁ ရက်အထိ ၆ ရက်တာအတွင်းဖမ်းခံရတဲ့စာရင်းဖြစ်တယ်လို့ KNU ကဆိုပါတယ်။
ဖမ်းဆီးတာကို ခြေလျင်တပ်ရင်းအမှတ် လခရ (၂၆၄) က ဆောင်ရွက်တာလို့ KNU ရဲ့ဖော်ပြချက်မှာ ပါရှိပါတယ်။
ဖမ်းခံရတဲ့ဒေသခံတွေဟာ ပဲခူးတိုင်း ၊ကျောက်တံခါးမြို့ဆီ စားနပ်ရိက္ခာ သွားဝယ်တဲ့အရပ်သားတွေလို့ KNU ကပြောထားပါတယ်။
ဖမ်းခံရသူတွေဟာ အမျိုးသားတွေချည်းပဲဖြစ်ပြီး အသက်အရွယ်အားဖြင့် အသက် ၂၀ ဝန်းကျင်ကနေ ၅၀ ကျော်အရွယ်ထိပါဝင်ကြတယ်လို့သိရပါတယ်။