၇၇ နှစ်မြောက် ပင်လုံနေ့ အထိမ်းအမှတ်အကြိုအဖြစ် လန်ဒန်မြို့မှာ တော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲကျင်းပခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၇၇ နှစ်မြောက် ပင်လုံနေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့မှာ တော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲကျင်းပရာ ယူကေရောက် မြန်မာပြည်ဖွား တိုင်းရင်းသား ပေါင်းစုံတို့ တက်ရောက်ပါဝင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါအခမ်းအနားမှာ တိုင်းရင်းသားရိုးရာ အစားအသောက်များ၊ ရိုးရာ အဝတ်အထည်များ ရောင်းချခဲ့ကြပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆိုအကများ အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဘေးသင့်ပြည်သူတို့ရဲ့ အခြေအနေတွေကိုလည်း ပိုမိုကျယ်ပြန့်စွာသိရှိနိုင်ဖို့ရှင်းလင်းပြခဲ့တယ်လို့ဆိုပါတယ်။
အခမ်းအနားသို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုး၊ ယူကေနိုင်ငံဆိုင်ရာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG ) ကိုယ်စားလှယ် ဦးမောင်မောင်အောင် နဲ့ ဒေါက်တာ သက်ကိုကို တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ရရှိတဲ့ရန်ပုံငွေတွေကို မြန်မာပြည်တွင်း ရှိ လိုအပ်နေတဲ့ တိုင်းရင်းသား ဒေသတွေကို ပေးပို့ သွားမှာဖြစ်ကြောင်း သိရပါတယ်။