ဒီနေ့ကျရောက်တဲ့ ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်နေ့မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ “၈၈၈၈ စိတ်ဓါတ် ကိုင်စွဲ ၊ လူထုတော်လှန်ရေး ဆင်နွှဲ” စာသားပါ ဘန်နာကိုင်ဆောင်ကာ ချီတက်ခဲ့ကြပြီး ၈၈၈၈ အရေးတော်ပုံအတွင်း ကျဆုံးခဲ့တဲ့ ဒီမိုကရေစီသူရဲကောင်းတွေကို အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။