September 20, 2024

Month: June 2023

မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် (အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်) မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ကြောင်းများနှင့်အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) တို့ ပူးပေါင်းကာ ဇွန်လ ၁၈ ရက်နေ့မှစ၍နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်းကာကွယ်ရေးဝန်ကြီးဌါနက...
ကရင်နီ(ကယား)ပြည်နယ်၊ဖားဆောင်းမြို့နေပြည်သူများကို မြို့မှထွက်ခွာရန် စစ်ကောင်စီကကြေညာကြောင်း ဒေသခံများနှင့် ကရင်နီလူမှုအသင်းအဖွဲ့များက ပြောသည်။ ဇွန်လ တတိယပတ်ကစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်းများပြုလုပ်ကာ မြို့တွင်း ကင်းလှည့်ခြင်းနှင့်အတူ ဖားဆောင်း နှင့် မယ်စဲ့ မြို့ကြား၌...
စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ကျေးရွာ လေးရွာမှ တော်လှန်ပြည်သူများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဇွန်လ ၂၁) ၌ ပြုလုပ်ခဲ့ကြသည်။ ယင်းအခမ်းအနားတွင် ကနီသပိတ်အင်အားစုမှ ဦးဆောင်ဆရာတော်မှ ပြည်သူများအား တော်လှန်ရေးအကြောင်းပြောကြားခြင်း၊...
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆင်အင်းကျေးရွာတွင် တပ်စွဲထားသော ပျုစောထီး လေးဦးမှ စပါးသယ်ယူရန် ကင်းပုန်းဝပ်နေစဉ် ပြည်သူကကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ လေးဦးစလုံး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန PDF...
စစ်ကိုင်းမြို့၊ ချင်းစုရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်းမှာ ပန်းသပိတ်လုပ်လို့ဆိုကာ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၂ ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဇွန်လ ၁၉ ရက် ညနေပိုင်းမှာ...
မန္တလေးတိုင်း၊မြင်းခြံမြို့နယ် ထဲက ဧရာဝတီမြစ်ထဲသွားလာနေတဲ့ စစ်အုပ်စုဝင်တွေလိုက်ပါလာတဲ့ရေယာဉ်ကို လမ်းပိုင်းမှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအသေအပျောက်ရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၃) ကထုတ်ပြန်ပါတယ်။ ဇွန် (၁၈) ရက် ညနေ (၅) နာရီခန့်က မြင်းခြံ၊လင်ကြီးဆိပ်ကမ်းအနီးမှာ စစ်အုပ်စုတွေလိုက်ပါလာတဲ့ရေယာဉ်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စု...
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို ဖမ်းမမိလို့အဖေဖြစ်သူ ကို မနေ့ ဇွန်လ ၁၉ ရက် နေ့လယ်ပိုင်းကစစ်တပ်က ရိုက်နှက်ဖမ်းခေါ်သွားတယ်လို့ သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။ ကိုမင်းလွင်ဦးရဲ့ အဖေ ဖြစ်သူ အသက်...
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကြပ်ပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မြနန္ဒာစစ် ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ဇွန်လ...
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့နေပြီး ပြည်သူ၄ဦး၏ ရုပ်အလောင်းများလည်း တွေ့ရှိထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ ယနေ့ (ဇွန်လ ၂၀ ရက်)နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာရှိ ရွှေအင်းလေးရပ်ကွက်နှင့်...
စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲများအား စောင့်ဆိုင်းတိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး မောင်းပြန်တစ်လက်နှင့် ကျည်များသိမ်းဆည်းနိုင်ခဲ့ကြောင်း DRPA၏ ပြန်ကြားရေးအဖွဲ့ဝင် ရဲဘော်ညိုမင်းက ပြောသည်။ ယမန်နေ့ (ဇွန်လ ၁၉ ရက်)နံနက်...