September 21, 2024

Month: June 2023

ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
စနစ်တကျ ငှားရမ်းထားတာနဲ့ ဧည့်စာရင်းတိုင်ကြားတာ စတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီတဲ့ နေအိမ်၊ တိုက်ခန်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဇွန်လ ၁၃ ရက်ဒီနေ့မှာ နိုင်ငံတော်ပိုင်သတင်းစာတွေကနေတစ်ဆင့် ထုတ်ပြန်ကြေညာပါတယ်။ နေအိမ်၊ တိုက်ခန်းတွေကို...
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို...
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက ကျေးရွာတွေကိုဝင်ရောက်ပြီး လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီးတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေလို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့မေလကနေ ဇွန်လ လက်ရှိအချိန်အထိ...
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဇွန် ၁၂ ရက်က နေအိမ်တလုံးနဲ့ ဆန်စက်တလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုပြီး စစ်ကောင်စီတပ်က ချိပ်ပိတ်သွားခဲ့တယ်လို့ သိရပါတယ်။ ဘိုကလေးမြို့နယ်၊ ကွင်းဘုန်းကြီးကျေးရွာက နေအိမ်တလုံးနဲ့ အောက်လှည်းဆိပ်ကျေးရွာက...
မန္တလေးမြိုမှာ မြို့ပြတိုက်ခိုက်မှုတွေကို အဓိကပြုလုပ်နေတဲ့ No More Dictatorship People Defence – NMD အဖွဲ့ဟာ အလှူရှင်နည်းလာတာ၊ လက်နက်ခဲယမ်းစျေးနှုန်းတွေနဲ့ ကုန်စျေးနှုန်းကြီးမြင့်လာတာကြောင့် မြို့ပြတိုက်ခိုက်မှုတွေဖော်ဆောင်နေတာကို လျှော့ချဖို့စဥ်းစားနေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတဦးက...
မကွေးတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ခံ အထက်တန်းကျောင်း တကျောင်းက ကလေးတွေကို MOH – Ministry Of Health ရဲ့ မြို့နယ်ကျန်းမာရေးဌာနနဲ့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ –...
မွန်ပြည်နယ်၊ မော်လမြိုင် သံလွင်တံတားပေါ်တွင် စစ်ကား ၁ စီးက ဆိုင်ကယ် ၂ စီးကို ဝင်တိုက်ရာ ပြည်သူ ၂ ဦးသေဆုံးပြီး စစ်ကားတိမ်းမှောက်ကာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက...
ဆားလင်းကြီးမြို့နယ်တွင် ၅/လက်ပံတောင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။