September 21, 2024

Month: June 2023

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက ဇွန်လဆန်းပိုင်းကစတင်ပြီး လူငယ်တစ်ချို့ကို PDF လို့စွပ်စွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ မြို့ပေါ်တွေနဲ့ ကျေးရွာတွေကို ဧည့်စာရင်းစစ်ဆေးတာတွေ ပြုလုပ်ပြီး လူငယ်အမျိုးသားတွေကို အများဆုံးစွပ်စွဲဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။...
မန္တလေးမြို့ ရှိရွှေဆိုင်များနှင့်ရွှေသန့်စင်လုပ်ငန်းများတွင် ပြည်ပမှတရားမဝင်ရွှေတင်သွင်းခြင်းနှင့်တင်ပို့ခြင်းများ ဆောင်ရွက်နေသည်ဟုဆိုကာ ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း မန္တလေးရွှေအသိုင်အဝိုင်းမှစုံစမ်းသိရသည်။ စစ်ကောင်စီ၏ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီတွင်ပါဝင်​သောစစ်ကောင်စီဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစသည်တို့အပါအဝင် ထို​ကော်မတီအဖွဲ့ဝင်များက ဇွန် ၁ ရက်နှင့် ၂ ရက်တွင်မန္တ​လေးသို့သွားရောက်စစ်ဆေးခဲ့ပြီးထိုသို့ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်သာကျေးရွာက နေအိမ် ၄ လုံံးကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၁၂ ရက် ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ အင်အား ၃၀...
ကနီမြို့နယ်တွင် ကျေးလက်သူပုန် သပိတ်စစ်ကြောင်းမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံများနှင့်အဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှေ့တန်းတပ်ခွဲများမှ ရဲဘော်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိပြီး ရှေ့တန်းရဲဘော်များ၏ အခက်အခဲများ၊လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးကြကြောင်း သိရှိရသည်။ ထို့ပြင် အကောင်အထည်ဖော်ပြီးသည့် စစ်ဆင်ရေးများအတွင်း...
ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ မတရားမီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရသော ကျေးရွာတစ်ရွာမှ အိမ်ထောင်စု ၁၄၁ စု အတွက် “ချစ်ချစ်ခင်ခင် မိသားစု ” (ဂျပန်) နှင့် မြို့နယ် ပကဖ တို့ပူးပေါင်း၍ တစ်အိမ်ထောင်လျှင်...
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် ထမင်းကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။ အညာပစ်တိုင်းထောင်လေးများ အဖွဲ့က စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်ကို...
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဗျူဟာတပ်ရင်းကို ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်တွင် KIA က သွားရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းစစ်ဗျူဟာတွင် ခလရ...
ဒေသတွင်းနယ်မြေမငြိမ်မသက်မှုများကြောင့် ကျေးရွာအချို့ တိမ်းရှောင်နေကြရသည့်ကြားက စစ်ကိုင်းတိုင်း ယင်းမာပင်ဒေသတွင် တော်လှန်ပြည်သူများ ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ကျေးရွာလူထုသပိတ်စစ်ကြောင်း ယနေ့(ဇွန်လ ၁၂) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။ ယင်းသပိတ်တွင် ဆန္ဒပြပြည်သူများက “ဗေဒါပျံ...