September 20, 2024

Month: June 2023

အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်ခံခဲ့ရသော ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်း ‌တကျော့ပြန်ရောက်ရှိလာ၍ ဒေသခံများမှာ ထွက်ပြေးပုန်းရှောင်ရန် ပြင်ဆင်နေကြရကြောင်း သတင်းရရှိသည်။ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတစ်ခုသည် ပဇီကြီးရွာနှင့် (၄) မိုင်ခန့်အကွာ သပိတ်ကျင်းမြို့နယ်၊ စံပယ်နဂိုရွာသို့...
ကနီမြို့နယ်တွင် ကျေးလက် သူပုန် လူငယ်များ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့၌ စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယကြိမ်မြောက်ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တနင်္သာရီတိုင်းက ဝင်ရောက်‌ဖြေဆိုသူ ၃၉၀၇ ဦးရှိခဲ့ပြီး အောင်မြင်သူ...
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။
ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ရည်မှန်းချက်တူညီသည့် အဖွဲ့အစည်းများနှင့်အတူ ဆက်လက်ပြီး တိုက်ပွဲဝင်ကြရန် ကချင်ဒေသ တကျော့ပြန်စစ်ပွဲ (၁၂)နှစ်မြောက်နေ့တွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားဖက်ဒရေးရှင်း(AKSF)က ယနေ့ (ဇွန်လ ၉ရက်) ထုတ်ပြန်သည်။ ယနေ့ကျရောက်သည့် ကချင်ဒေသ...
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇွန်လ ၉ ရက်နေ့ ညနေ ၄...
ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အနောက်ရွာက ဒေသခံ ၁၄ ယောက်ကို အကြမ်းဖက်စစ်တပ်က ဓါးစာခံအဖြစ်ဖမ်းဆီးပြီး စစ်ဝတ်စုံတွေ ဝတ်ခိုင်းကာ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာကို ညအိပ်ခဲ့တဲ့...
စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသခံပြည်သူတွေက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာပြုလုပ်ခဲ့ ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေက “ တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” စာသား ကိုင်ဆွဲပြီး ဆန္ဒပြချီ တက်ခဲ့ကြပြီး ပြည်သူတွေကို...
ယင်းမာပင်မြို့နယ်ရဲ့ “နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း” က အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက “နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း” ၊ “ ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်...
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။...