September 20, 2024

Month: July 2023

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေးဦးမြို့နယ်...
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရှမ်းမြောက်၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်၊ လွိုင်လင်ကျေးရွာနဲ့ မန်ကန်ကျေးရွာကြားမှာ ကိုးကန့် MNDAA ၊ PDF ပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ဒီမနက် ဇူလိုင် ၁၈ ရက်နေ့ မနက်...
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က ကားလမ်းမတနေရာမှာ ပိုက်ဆံတောင်းရမ်းနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၈ ရက် မနက် ၇ နာရီကျော်မှာ PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၅ ဦး သေဆုံးတယ်လို့...
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို မနေ့ ဇူလိုင်လ ၁၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုမှာ ရွာခံအမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၉ လုံး မီး လောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။...
စစ်ကောင်စီကဖမ်းဆီးပြီး ကျိုက်စကောအကျဥ်းထောင်မှာ ထောင်ချခံထားရတဲ့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီ ၇၂ နှစ်ဟာ သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။ ဦးမောင်ဒီဟာ ဇူလိုင်လ ၁၇...
ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက်သည့် အမှတ်(၂၆၆)ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဟားခါးမြို့နယ်ချင်းကာကွယ်ရေးတပ်(CDF)က ချင်းဘာသာဖြင့် ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။ ခလရ(၂၆၆)တပ်မှ တပ်သားတစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ၍ MA-1 သေနတ်တစ်လက်၊ကျည်အိမ် ၄ခု၊ကျည်ဆံ...
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်သို့ အင်အားဖြည့်ပြီး ပြန်လာသည့် တပ်မ(၃၃)မှ စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force MNRF အဖွဲ့ခေါင်းဆောင် ကိုမိုးညိုက ပြောသည်။ ယမန်နေ့(ဇူလိုင်...
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန်ဒေသတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇူလိုင် ၁၈ရက် နံနက်အစောပိုင်း ၁နာရီ...
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်း စက်ရုံ -ကပစ(၂၁) စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု PDF စစ်ရုံးချုပ်က ယနေ့ထုတ်ပြန်သည်။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာနှင့် ကျောင်းရွာကျေးရွာကြားတွင်...