September 21, 2024

Month: August 2023

မုံရွာ-အမြင့်လမ်း သပိတ် ဦးဆောင်ကော်မတီမှ ဦးဆောင်ကာ မုံရွာ-အမြင့်လမ်းရှိ ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင် တော်လှန်ရေး လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာတန်း...
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက် T.G.R Women Drone Force အဖွဲ့ဟာ အမျိုးသမီးများနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်ပြီး စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်နေပြီလို့ တပ်ဖွဲ့၀င် အမျိုးသမီး တစ်ဦးက...
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က စက်ရေတွင်း တူးဖော်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း၊ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်း တစ်နေရာမှာ မဒေါက် ရဲစခန်းက တာဝန်ကျ နယ်ထိန်းရဲ တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-PDF က ဒီကနေ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။...
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ထန်းတစ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့်အား ဖမ်း​ဆီးထားကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့(သြဂုတ် ၁ဝရက်) ည ၁၀နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာနယ်ရှိ ထန်းတပင်ကျေးရွာကို...
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က စစ်ဘေးရှောင်နေရတဲ့ ပြည်သူ တွေကို အညာပစ်တိုင်း ထောင်လေးများအဖွဲ့က အစားအသောက်တွေ ကျွေးမွေးလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေနဲ့ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက်...
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့တို့ တပ်စွဲထားသည့် နေရာသုံးခုကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်၍ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။ တိုက်ပွဲမှာ ယမန်နေ့ညနေ...
စစ်ကိုင်းတိုင်း၊ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ ဩဂုတ်လ(၁၁) ရက်နေ့မှာ “လူထုအရေးတော်ပုံမှသည် တော်လှန်ရေးအောင်ပွဲဆီသို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကလေးမြို့အနောက်ပိုင်း မြို့လှရပ်ကွက်ဘက်ကို စစ်ကြောင်းထိုးလာပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦးကို ပစ်ခတ်လိုက်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြို့လှရပ်ကွက်နဲ့ မွန်ထာကျေးရွာ တွေဘက်ကို မနေ့ကညနေကတည်းက စစ်ကြောင်းထိုးလာတာဖြစ်ပြီး...