September 20, 2024

Month: August 2023

ထိုင်းနိုင်ငံ၊ ချာချင်စောင်မြို့နယ်တွင် အနာဂါတ်အလင်းရောင် ထောက်ပို့အသင်းမှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာများကို စစ်တပ်၏ သစ်တင်ရေယာဥ် ၂ စီးက ပစ်ခတ်နေသော​ကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။...
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ...
တောင်ညိုစစ်ကြောင်း လှုပ်ရှားရာ နယ်မြေအတွင်းရှိ ဒေသပြည်သူများကို Free Burma Rangers အဖွဲ့နှင့်အတူ တောင်ညိုစစ်ကြောင်း ဆေးဌာနမှ ဆေးတပ်သား၊ ဆေးမှူးများက ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ NUG အစိုးရ၏ ကြားကာလပညာရေး ကျောင်းတစ်ကျောင်းတွင် စုံညီပွဲတော်နှင့် စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ ဩဂုတ်လ(၂၇) ရက်နေ့မှာ “ဖက်ဆစ်စိတ်ဓာတ် အမြစ်ဖြတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါ့အပြင် ရွာပေါင်းစုံ သပိတ်ကော်မတီဝင် ကိုဖိုးချမ်း...
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပခုက္ကူခရိုင် အမှတ်(၁၁)တပ်ရင်း၊ ပြည်သူ့စွမ်းအား တပ်ပေါင်းစုရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို ဩဂုတ်လ(၂၃) ရက်နေ့က ကျင်းပခဲ့ပါတယ်။ စစ်သင်တန်းဆင်းပွဲကို ပခုက္ကူခရိုင်အမှတ်(၁၁) တပ်ရင်း၊...
သီချင်းရဲ့အစမှာ “ငါတို့ကစစ်သား” ဆိုတာနဲ့ အစချီကာ တပ်မတော်အပေါ် သစ္စာရှိဖို့ အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ဖို့ ထည့်သွင်းစပ်ဆိုထားပေမယ့် စစ်ခေါင်းဆောင်တွေရဲ့ မမျှတတဲ့ ချီတက်မှုအမိန့်တွေအတိုင်း သူကိုယ်တိုင် လုပ်ဆောင်ရချိန်မှာတော့ စစ်တိုက်ဖို့ငြင်းဆန်ခဲ့လို့ ဖမ်းခံထားရတာပါ။...
စစ်ကောင်စီကအသစ် ရိုက်နှိပ်ထုတ်ဝေထားတဲ့ နှစ်သောင်းတန်ငွေစက္ကူကို အသုံးမပြုဘဲ သပိတ်မှောက်(boycott)လုပ်ကြဖို့ မြိတ်နဲ့ ကော့သောင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တွေကနှိုးဆော်ထားပါတယ်။ နှစ်သောင်းတန်ငွေစက္ကူတွေဟာ ပြည်သူတွေလက်ထဲကို နည်းလမ်းမျိုးစုံနဲ့ရောက်ရှိလာနိုင်ပြီး မသုံးစွဲဖို့နဲ့ လက်ထဲရောက်လာရင်လည်း လက်ဝယ်မထားဘဲတန်ဖိုးတူတဲ့ ပစ္စည်းနဲ့လဲလှယ်တာမျိုးတွေ ပြုလုပ်ကြဖို့...
ထားဝယ်အကျဥ်းထောင်က ဆေးမှူးကြီးအပါအဝင် အကျဥ်းထောင်ဝန်ထမ်း ၁၀ ဦးဝန်းကျင် ပြစ်ဒဏ်တွေချမှတ်ခံရတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ ထားဝယ်အကျဥ်းထောင်မှာပြီးခဲ့တဲ့လ ဒုတိယပတ်ကစလို့ ထောင်ဝန်ထမ်းရော အကျဥ်းသားတွေကိုပါ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စစ်ဆေးပြီး တရားစွဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်နေချိန်...