September 20, 2024

Month: August 2023

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာရှိတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေကို ဩဂုတ်လ ၅ ရက်နေ့က စတင်အရေးယူလိုက်ပြီဖြစ်တယ်လို့ အမေရိကန်နိုင်ငံက သတိပေးလိုက်ပါတယ်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တွေဟာနိုင်ငံခြားငွေတွေနဲ့မြန်မာအကြမ်းဖက်စစ်တပ်အတွက်လက်နက်နဲ့လေယာဉ်ဆီတွေကိုဝယ်ယူနေတဲ့အတွက် ပြီးခဲ့တဲ့...
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်နဲ့ ပခုက္ကူမြို့ကို ဆက်သွယ်ထားတဲ့ ကျောက်ထု-ပခုက္ကူလမ်းပိုင်းကို အသုံးမပြုကြဖို့ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ၈/၉ ကျောက်ထု PDF က ကြေညာထားပါတယ်။ ဩဂုတ် ၅ ရက်နေ့ကတည်းက ကြေညာချက်ကို...
ရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၉၀ ကျော်သေဆုံးခဲ့တယ်လို့ ကေအန်ယူ ဗဟိုပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။...
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ ၃၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အကြိုအထိမ်းအမှတ်အနေနဲ့ သြဂုတ်လ ၆ ရက်ဒီနေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းကို ချိတ်ဆွဲခဲ့တယ်လို့ ပေါင်းတည် ၇/ လူထုသပိတ်ကော်မတီမှ ဦးဆောင်သူတဦးဆီက သိရပါတယ်။...
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ကိုရီးယားမြန်မာပူးပေါင်းဆန္ဒပြပွဲကျင်းပခဲ့ပြီး ဒယ်ဂူးမြို့တွင် ၃၅ နှစ်မြောက် ၈၈၈၈ လေးလုံးအကြိုအခမ်းအနား ပြုလုပ်ခဲ့ကာ MFDMC ထောက်ပို့တပ်သားစုဆောင်းရေး နွေဦးတော်လှန်ရေးရန်ပုံငွေရရှိရေးဖလား ဘောလုံးပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဖီမြို့နယ်တွင် စစ်ကျွန်မခံ-ခွပ်ဒေါင်းမာန် ထောက်ပို့ မောင်နှမများမှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၆ ရက်နေ့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်းနဲ့ (၃၆)လမ်းအနီးက သူရိယဆေးခန်းကို စစ်အုပ်စုက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ချိပ်ပိတ်ခဲ့ပြီးနောက် ဒီမနက်ပိုင်းမှာ စစ်အုပ်စုနဲ့ ပျူတချို့ ဆေးခန်းကို ဖောက်ထွင်းပြီး တန်ဘိုးကြီး ပစ္စည်းတွေကို ကားနဲ့...
တောင်ငူမြို့နယ် ဇီးကုန်းကျေးရွာနဲ့ကမ္ဘာနီကျေးရွာကြားမှာ ဒီနေ့ မနက် ၇ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာဥက္ကဋ္ဌတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မနက်ခွဲက ကမ္ဘာနီကျေးရွာ နေအိမ်မှ ဇီးကုန်းကို...
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆောင်၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ရဲဘော်အောင်မင်းသန်း ကျဆုံးခြင်း တစ်လပြည့်အဖြစ် ယနေ့ (သြဂုတ် ၆) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။ သပိတ်ကော်မတီဝင်များနှင့် ပြည်သူများက...