September 20, 2024

Month: August 2023

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်​ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ ဩဂုတ်လ(၂၈) ရက်နေ့မှာ “ကြေးနီသတ္တုတွင်း အကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ချင်း ရပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဗန်းမော်မြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ သင်္ဘောများတွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆင်တပ်ကျေးရွာမှ ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီးပြီး နွား၊ ကြက်များကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။ ရွှေကူမြို့နယ်၊ ဆင်တပ်ကျေးရွာရှိ...
ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယမန်နေ့ ဩဂုတ် ၂၆ရက်က ချင်းဒေသ ကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။ ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် မင်းတပ်အခြေစိုက်...
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာအနီးရှိ မဒီးယန်နှင့် အောင်ဂျာကျေးရွာအကြားတွင် ယနေ့နံနက်ပိုင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယမန်‌နေ့(ဩဂုတ် ၂၆ရက်)တွင် မဒီးယန်ရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ရာ အထိနာသည့် စစ်ကောင်စီတပ်က...
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် Free Burma Action Committee- Sacramento နှင့် ပြည်ပရောက် မြန်မာမိသားစုများ ပူးပေါင်းကာ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ယနေ့ (သြဂုတ် ၂၇)...
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ကျေးရွာတစ်ရွာမှ တောင်သူလယ်သမားများက ယနေ့(ဩဂုတ် ၂၇ရက်) နံနက်တွင် တောင်ယာလုပ်ငန်းခွင်ဝင်ရင်း လယ်ကွင်းစိမ်းထဲမှတဆင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့သည်။ လယ်ယာလုပ်ငန်းခွင်ဝင်နေကြသော တောင်သူလယ်သမားများက အရေးတော်ပုံအောင်ရမည်ဟုရေးထားသော စာတန်းနှင့် တော်လှန်ရေးအလံကို ကိုင်ဆောင်ပြီး...
အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ် တပ်ပေါင်းစုများ၏ စစ်သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို တောတွင်း တစ်နေရာရှိ ဗဟိုဌာနချုပ်တွင် ယနေ့ (သြဂုတ် ၂၇)က ပြုလုပ်ခဲ့သည်။ ယင်းသင်တန်းတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (CRC-PLA)...
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း People’s Defense Comradeအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။ ယနေ့(သြဂုတ် ၂၇ ရက်)တွင် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများသို့...