September 20, 2024

Month: September 2023

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့၌ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း...
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
လူမှုကွန်ရက်ပေါ် PDFကို ထောက်ခံအားပေးနေသော မိုးကုတ်မြို့ခံအချို့အား စစ်ကောင်စီတပ်က အမည်နှင့်တကွ ရှာဖွေ ဖမ်းဆီးနေကြောင်း သိရသည်။ ယနေ့(စက်တင်ဘာ၂၂ရက်)နှင့် စက်တင်ဘာ၂၁ရက်နေ့တို့တွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး စက် တင်ဘာ၂၁ရက်နေ့၌ မိုးကုတ်မြို့၊ပန်းမအောက်ရပ်ကွက်နေအမျိုးသားတစ်ဦးအိမ်သို့ စစ်တပ်က သွား...
ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တစ်နေရာတွင် “Shinning Star” ဟု အမည်ပေးထားသည့် မြန်မာရွှေ့ပြောင်းကလေးများ၏ ပန်းချီပြပွဲကို ယမန်နေ့ စက်တင်ဘာ ၂၂ရက်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ ပန်းချီပြပွဲတွင် စစ်တပ်အာဏာသိမ်းမှုအကြောင်း၊ သပိတ်စစ်ကြောင်း၊...
စစ်ကောင်စီခံတပ်နယ်မြေဖြစ်တဲ့ နေပြည်တော်ကို တိုက်ပွဲဖော် ဆောင်ပြီး စခန်းသိမ်းတိုက်ပွဲတွေ စတင်ဆင်နွှဲနေပြီလို့ ကျားသံလုံးစစ်ကြောင်း Iron Tiger Battalionက စက်တင်ဘာလ(၂၂) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ကျားသံလုံးစစ်ကြောင်းဟာ စစ်ဆင်ရေးအတွေ့အကြုံရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့...
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဆားလင်းကြီးမြို့နယ်စစ်ရှောင်ပြည်သူများအားထမင်းတစ်နပ်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။ စစ်ရှောင်စခန်းများအား လက်ရှိအချိန်အထိ ထမင်း၈၃နပ်တိတိလှူဒါန်းထားနိုင်ခဲ့ပါကြောင်းဖော်ပြထားသည်။ စစ်ရှောင်ပြည်သူ၁ဦးအတွက်၁၂၀၀ ကျပ်နူန်းကုန်ကျပြီးနေ့စဥ် ပြည်သူ၂၀၀ ကျော်အားထမင်းလှူဒါန်းလျှက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။
လက်ရှိ စစ်ကောင်စီကြောင့် မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံမှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်နေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က စက်တင်ဘာ ၂၂ရက်နေ့က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ မြန်မာပြည်သူတွေအတွက်...
စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကလေးမြို့နယ်သပိတ်ကော်မတီနှင့် တော်လှန်သော ပြည်သူလူထု အတူပူးပေါင်းကာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကိုမင်းကိုနိုင်၊ ကိုတေဇာဆန်းနှင့် ရွှေ‌ဝါရောင် တော်လှန်ရေးနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဆရာ‌တော်အရှင်ထာဝရတို့မှ ပေးပို့သော သတင်းစကား ရုပ်သံမှတ်တမ်းများ ဖွင့်ကြား၍...
KNUအုပ်ချုပ်နယ်မြေ သထုံခရိုင် ခရိုင်းရုံးဟောင်းနှင့်စစ်ဗျူဟာရုံးတို့ကိုယနေ့ နေ့လယ်၁၂နာရီအချိန်တွင် စစ်ကောင်စီဘက်မှလေယာဉ်နှစ်စင်းဖြင့်လာရောက်တိုက်ခိုက်ခဲ့တယ်လို့တပ်မဟာတာဝန်ရှိသူထံမှသိရှိရပါတယ်။ “ဒီနေ့လည် ၁၂နာရီလောက်မှာလာပစ်သွားတယ်။ အရင်ခရိုင်ရုံးဟောင်းနေရာနဲ့စစ်ဗျူဟာရုံးမှာ အဆောက်အဉီးထိခိုက်ပျက်စီးမှုရှိတယ်။ ကိုယ့်ဘက်ကရဲဘော်တွေတွေတော့ထိခိုက်မှုမရှိဘူး” လို့ သူကဆိုပါတယ်။ လာရောက်ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးရှုံးဆုံးမှုတန်ဖိုးကျပ်သိန်းသုံးရာကျော်ရှိတယ်လို့သူကဆိုပါတယ်။