September 21, 2024

Month: September 2023

ကရင်အမျိုးအသားအစည်းအရုံး ( KNU ) တပ်မဟာ၆၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အင်အား၃၀ခန့် တပ်စွဲထားတဲ့ ကွီလုံတိုင်စစ်စခန်းအား ဩဂုတ်လ၊ ၂၄ရက်နေ့က စတင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ ကွီလုံတိုင်စစ်စခန်းအား မဆုံးရှုံးစေရန် လက်နက်၊ခဲယမ်း၊ရိက္ခာများကို...
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ည ၈ နာရီဝန်းကျင်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။ စစ်ကောင်စီက ခရမ်းစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သင်တန်းပြုလုပ်ခဲ့သည့်...
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ သက်ကယ်တန်းချောင်းအနောက်ဘက် မြို့ရှောင်လမ်းနားမှာ စစ်ကောင်စီရဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်းများတယ်လို့ နယ်စည်းမခြားရွှေဘိုသား အဖွဲ့ထံက သိရပါတယ်။ စက်တင်ဘာ...
ဆားလင်းကြီးမြို့နယ် ၃ လကျော်စစ်ရှောင်နေရသော ပြည်သူ ၄၀၀ ကျော်အား အသားဟင်းတစ်နပ်ဖြင့်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါတယ်။ အညာပစ်တိုင်းထောင်လေးများအနေနဲ့ စစ်ရှောင်ပြည်သူများအား ၇၆ နပ်တိတိလှူဒါန်းထားနိုင်ခဲ့ပါတယ်။ စစ်ရှောင်ပြည်သူ ၄၀၀ အတွက် ၅သိန်းကုန်ကျပြီး နောက်ထပ်နောက်ထပ်လည်းကူညီနိုင်ဖို့ ကြိုးစားနေပါကြောင်းရေးသားဖော်ပြထားပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးနိုင်ကြောင်း Yuong Force UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယနေ့...
စစ်ကောင်စီတပ်က နေအိမ်မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကိုင်းတိုင်းအတွင်းမှ စစ်ရှောင်ပြည်သူများအတွက် NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခွန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) က ယာယီတဲ အလုံးပေါင်း တစ်ရာကျော် ဆောက်လုပ်ပေးခဲ့ကြောင်း...
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ်‌ စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ဆက်လက် ခန့်ထားရေး...
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြီး ‌‌ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ သပိတ်လှုပ်ရှားမှုမှာ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဆက်လက်ထားရှိရေး တောင်းဆိုတဲ့အနေနဲ့ “ငါတို့ သံအမတ်၊...