September 21, 2024

Month: September 2023

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီက ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ကလေးမြောက်ပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာ၁၁ရက် နေ့လည် ၁၂နာရီခန့်မှစ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သောကြောင့်ကလေးမြောက်ပိုင်း ဒေသခံအများအပြားတိမ်းရှောင်နေရကြောင်း သိရသည်။ “ဒီနေ့ စက်တင်ဘာ ၁၁ရက်နေ့ နေ့လည် ၁၂နာရီလောက်ကနေစပြီး လက်နက်ကြီးနဲ့ထုတာဗျ။ မိနစ်၂၀ကို...
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်းနှင့် ကိုရီးယားရောက် ရွှေရင်အေး အလှူရှင်များ ပူးပေါင်းကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် စောင်နှင့်ခေါင်းအုံးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ ဒေသခံလယ်သမားတွေ မစိုက်ပျိုးတဲ့လယ်တွေကို တပ်ဖွဲ့ရိက္ခာအတွက် စပါးစိုက်ပျိုးခဲ့တယ်လို့ မြိုင်မှာ အခြေစိုက်တဲ့ကျားသစ်နက် တပ်မတော်၊ မြိုင်တပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။ ခန့်မှန်း လယ်မြေ ၂ ဧကကျော်လောက်မှာ အသင့်ပျိုးထားတဲ့စပါးပျိုးပင်တွေကို စက်တင်ဘာ...
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်သော OPRF-PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အား စုက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ခံ ရဲဘော်ကျော်ကြီးက ပြောဆိုသည်။ စက်တင်ဘာလ...
တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ကာကွယ်ရေးအဖွဲ့တွေရဲ့ ရပ်တည်ရေးကလည်း တဖြည်းဖြည်း အခက်အခဲတွေနဲ့ ကြုံတွေ့လာနေကြရပါတယ်။ တော်လှန်ရေးအတွက် ထောက်ပံ့ကူညီသူတွေ တဖြည်းဖြည်း လျော့နည်းလာသလို တဖက်မှာလည်း ကုန်ဈေးနှုန်းက အဆမတန်ကြီးမြင့်လာနေပါတယ်။ အဲ့ဒီအခါ ထောက်ပံ့ကူညီသူတွေရဲ့ ငွေကြေးတွေကို တိုက်ခိုက်ရေးပိုင်းမှာသာ...
အကြမ်းဖက်စစ်ကောင်စီက စစ်တပ်မိသားစုဝင်မှန်သမျှ စစ်ရုံး၏ ခွင့်ပြုချက် မရှိဘဲ နိုင်ငံကူးလက်မှတ် လျှောက်ခွင့် မရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့ ထွက်ခွာ ခွင့် မပြုဘဲ ပိတ်ပင်ထားကြောင်း စစ်တပ်အသိုင်းအဝိုင်းက ပြောဆိုသည်။ ပြည်တွင်းရှိ တပ်မိသားစုဝင်များက...
စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဥ်းသား ၁၄ ဦးအပါအဝင် အကျဥ်းသားအကုန်လုံးနဲ့အတူ ရပ်တည်နေကြောင်း ကမ်ပိန်းပြုလုပ်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံက သိရပါတယ်။ ယနေ့ စက်တင်ဘာ ၁၁ ရက်မနက် ၈...
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့အခြေစိုက် ခမရ ၂၄၇ တပ်မှ စစ်သားနှင့်အရာရှိများ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများတွင် သေဆုံးခြင်းနှင့် ကျည်ထိမှန်ဒဏ်ရာ ရသဖြင့် အတိုအပြတ် ဒုက္ခတိ ဘ၀ရောက်ရှိနေခြင်းတို့ကြောင့် ရှေ့တန်းမထွက် လိုကြ တော့သော်လည်း...
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ကြားကာလပညာသင်နေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပွင့်ကြီးတောတိုက်ကျေးရွာမှာရှိတဲ့ အဲ့ဒီ...