September 20, 2024

Month: September 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာအများအပြားမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ ယနေ့ (စက်တင်ဘာ ၆ ရက်) နံနက် ၉နာရီခန့်က ကန့်ဘလူမြို့နယ်ရှိ လေးလှရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အချို့ပျက်စီးမှုရှိကြောင်း...
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ်‌ စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ မြင်းမူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သက်ဆိုင်ရာ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေဆီက သိရပါတယ်။ ပုလဲမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီအင်အား ၂၀ ကျော်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ...
ကရင်ပြည်နယ်၊ မြဝတီမြို့ ခရိုင်ရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို လေကြောင်းက ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် တုန့်ပြန် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက...
မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချမှု၊ ဘဏ္ဍာရေးနဲ့ သံတမန်ရေးထောက်ပံ့နေတာတွေ လုပ်ဆောင်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ဖိအားပေးဖို့ G-20 ခေါင်းဆောင်တွေကို Burma Campaign UK က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ထိပ်တန်းနိုင်ငံပေါင်း ၁၉...
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာရှိ စစ်ကောင်စီ စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ တပ်ရင်း (၆) မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒီကနေ့...
ကချင်ပြည်နယ် ဗန်းမော်မှ မြစ်ကြီးနားမြို့ဘက်သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့ညပိုင်း၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စက်တင်ဘာ ၄ရက် ညပိုင်းတွင် ဗန်းမော်မှလာသည့် စစ်ကား...
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသနဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို ကာကွယ် ဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး မဟာမိတ်အဖြစ်ဖွဲ့စည်းလိုက်တယ်လို့ Myingyan Black Tiger က သတင်းထုတ်ပြန်ထားပါတယ်။ မဟာမိတ်အဖြစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့တွေကိုတော့ လုံခြုံရေးအချက်အလက်တွေကြောင့် ထုတ်...
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်း PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၆...
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စားအုန်းဆီ တပိဿာရဖို့အတွက် မိုးရွာထဲမှာ မြို့ခံတွေ တိုးဝှေ့ဝယ်ယူနေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ယနေ့ စက်တင်ဘာလ ၅ ရက်နံနက် ၁၁ နာရီခန့်က အမှတ်(၂)...