September 20, 2024

Month: September 2023

ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့၌ အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို...
ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ဖမ်းဆီးရမိထားတဲ့ စစ်အုပ်စု ထုတ်ကုန် ဘီယာတွေကို ဖျက်ဆီးခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။ အရက်၊ ဘီယာ အပါအဝင်...
ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က ၉၁၈ ရက်မြောက်အဖြစ် ယင်းမာပင်မြောက်ခြမ်း ကျေးရွာများသပိတ်နဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေက “Our Ambassador...
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ အခြေခံအမှုစစ် သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၆ရက်က ရေစကြိုရေလယ်ကျွန်း တနေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး ရပ်ကျေး ပ.က.ဖ နဲ့ ပ.အ.ဖ တွေ တက်ရောက်ခဲ့တယ် သိရပါတယ်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက်ရှိရာမှာ စက်တင်ဘာ ၂၅ ရက်အထိ စာရင်းတွေအရ ကျဆုံးခဲ့ရသူ ၄၁၀၈ ဦးအထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်လိုက်ပါတယ်။...
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နှင့် ကနေဒါသံအမတ်ကြီးများကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့်...
ချင်းပြည်နယ် မင်းတပ်မြို့အဝင်တွင် စစ်ကောင်စီတပ်က မိုင်းထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် တောင်ယာသွားသည့် သက်ကြီးအမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံက အသိပေးသည်။ စက်တင်ဘာ ၂၆ရက် နံနက် ၁၀နာရီကျော်တွင် မင်းတပ်မြို့ဝင် ဦး၀မ္မသူးမောင်း...
ပုသိမ်ထောင်မှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၃ ဦးကို ထပ်တိုးထောင်ဒဏ်တွေ ချလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံသိရပါတယ်။ ထပ်တိုးထောင်ဒဏ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လနဲ့ လက်ရှိစက်တင်ဘာလအတွင်းမှာ စစ်ကောင်စီရဲ့ထောင်တွင်းတရားရုံးက ချခဲ့တာလို့ အဲဒီကွန်ရက်ရဲ့တာဝန်ရှိသူ...