September 21, 2024

Month: October 2023

ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုတွေ ဦးဆောင်သည့် အားမာန်သစ်သပိတ်‌စစ်ကြောင်းသည် အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နန်းတော်ရာ အတွင်း မိုင်းပစ်သွင်း တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း မှ...
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင် ပြည်သူ ခုနစ်သိန်းကျော်ရှိလာကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နှစ်ဖက်တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူလူထု အရေအတွက်မှာ ၇၁၇,၀၀၀...
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အမျိုးသမီးတွေဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဒီနေ့နေ့လည်ပိုင်းကပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီရဲ့ အဖွဲ့ဝင် အင်အားစုတစ်ခုဖြစ်တဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(RWU)က ဦးဆောင်ခဲ့ပြီး ဒေသခံအမျိုးသမီးတွေနဲ့ လူငယ်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
လက်ပံတောင်းဒေသပြည်သူများက မုန်လိုင်ခက်နှင့် အတူရှိကြောင်း ၊ အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့တွင် ဆန္ဒပြချီတက်ခဲ့ကြသည်။
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းအနီးရှိ ဘီယာဆိုင်၌ ဘီယာသောက်ပြီးထွက်လာသည့် ရဲ ၂ ဦးကို အရှင်ဖမ်းဆီးရာ ပြန်လည် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွားပြီး ရဲတပ်ကြပ် ၁ ဦး သေဆုံးခဲ့ကြောင်း...
ကယားပြည် ဒီးမော့ဆိုမြို့နယ်ရှိ ကယန်းလူမျိုး ကလေးငယ်များကို တောင်ကြီးမြို့မှ အလှူရှင်မှ လှူဒါန်းပေးသော ခေါက်ဆွဲနှင့် ကြက်ဥပြုတ်အလှူကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
လိုင်ဇာမြို့အနီး ၊ မုန်လိုင်ခက်စစ်​ရှောင်စခန်းနှင်ွ ရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ယမန်နေ့(​အောက်တိုဘာ ၁၃)ညက လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ပြီးနောက် တရုတ်နိုင်ငံဘက်ခြမ်းတွင် တရုတ်စစ်သားများက တင့်ကားများဖြင့် ကင်းလှည့်ခဲ့ကြောင်း လိုင်ဇာဒေသခံများကပြောသည်။ မုန်လိုင်ခက်ရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ကအောက်တိုဘာလ ၁၃ရက်...